ဦးအုံးဖေ၏ စွမ်းဆောင်မူဖြင့် မော်လမြိုင်မြို့  သည် လျှပ်စစ်မီးများဖြင့် လင်းထိန်ကာ သာယာလာခဲ့လေသည် သို့ သော် မော်လမြိုင်နှင့် လျှပ်စစ်မီးကံကြမ္မာကာ ရရှည်မတည်မြဲခဲ့ချေ ၁၅ နှစ်ခန့်သာ ဦးအုံးဖေသည် မော်လမြိုင်ကို လျှပ်စစ်မီး ပေးနိုင်ခဲ့သည်။
၁၉၄၂ ဇန်န၀ါရီ တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ်ဝင်များ ဦးဆောင်သော BIA တပ်များ နှင့် ဂျပန် တပ်များသည် မော်လမြိုင်ကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ကြလေသည်။
မြ၀တီလမ်းမှဝင်လာသော BIA နှင့် ဂျပန်တပ်များက မော်လမြိုင်မြို့  အရှေဘက်ကမ်း ညောင်ပင်ဆိပ်၊ ကျိုက်မရော၊ ငန်းတေးဘက်မှလည်ကောင်း၊ မြိတ် ထားဝယ် ဘက်မှ ၀င်ရောက်လာသော BIA တပ်များ နှင့် ဂျပန် တပ်များ က မုဒုံလမ်း ဈေချို ဘက်မှ ၀င်လာကာ အဝေးပစ်အမြောက် များကို အသုံးပြုကာ မော်လမြိုင်ကို ၀န်းရံ တိုက်ခိုက်ကြသည်။
အင်္ဂလိပ်များက မော်လမြိုင်တောင်ရိုးတန်းတလျှောက်၊ မြို့ လယ် မိုင်ဒါကွင်းနှင့် လမ်းများမှ ခုခံကြသည်၊ တနေ့လုံး နှင့် တညလုံး တိုက်ပွဲများ ဖြစ်ပြီးနောက် ဗြိတိသျှ တပ်များက နံနက် သုံးနာရီတွင် မုတ္တမသို့  ရရာ လှေ၊ ဖေါင်၊ သင်္ဘော များဖြင့် ဆုတ်ပြေးကြသည်။
ဗြိတိသျှ တပ်များ မော်လမြိုင်မှ မဆုတ်ခွါ မှီ ဦးအုံးဖေ၏ ဓါတ်အားပေးစက်ရုံကို ဒိုင်းနမိုက် များဖြင့် ဖေါက်ခွဲ ဖျက်ဆီးသွားခဲ့ လေသည်။
ထိုအချိန်မှစ၍ ဦးအုံးဖေ၏ မော်လမြိုင် လျှပ်စစ်မီးပေးစီမံကိန်းလည်း တစခန်း ရပ်သွားလေတော့သည်။
ဦးအုံးဖေ၏ ဘ၀ဖြစ်စဉ်သည် မော်လမြိုင်မြို့ ၏ အထင်ကရ များနှင့် များစွာ ဆက်စပ်နေသဖြင့် ဆက်လက်ဖေါ်ပြချင် ပါသေးသည်။
ဦးအုံးဖေ၏ အဖိုးအဖွါး များမှာ မော်လမြိုင်မြို့  တောင်လေးလုံးကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲသော မူလကျောင်း ဒါယကာ ဒါယိကာ များဖြင်သော ဦးရွှေဂန်+ဒေါ်မဲမ တို့ ဖြစ်သည်။
ဦးရွှေဂန်+ဒေါ်မဲမ တို့၏ သားသမီးခြောက်ဦးအနက် စတုတ္ထမြောက် သားဖြစ်သော ဦးဖလ် သည် မော်လမြိုင်မြို့  ဆင်ဖြူကျောင်း ဒါယကာ ဒါယိကာ များဖြင်သော ဦးသာညင်း+ဒေါ်ပွင့် တို့ ၏ သမီး ဒေါ်ယဉ် နှင့် သင့်မြတ်ရာတွင် သားသမီး သုံးဦး ထွန်းကားခဲလေသည်။
(၁) ဦးသွင် (ဆာဦးသွင်)
(၂) ဒေါ်နှင်းအိ
(၃) ဦအုံးဖေ (ဓါတ်မီးသူဌေး) တို့ ဖြစ်သည်။
အကိုအကြီးဆုံး ဆာဦးသွင် အကြောင်းကိုလည်း အခါအခွင့် သင့်၍ ဖေါ်ပြချင်ပါသေးသည်။ အင်္ဂလိပ် ခေတ်က ဂုဏ်ထူးဆောင် ဆာဘွဲ့  ချီးမြင့်ခြင်းခံရသော မြန်မာအမျိုးသား သုံးဦး ရှိခဲ့ပါသည်။၎င်းတို့မှာ
(၁)ဆာမောင်ကြီး
(၂)ဆာဘိုးသာ နှင့်
(၃)ဆာဦးသွင် တို့ ဖြစ်သည်။
ဆာဦးသွင်မှာ အင်္ဂလိပ် တို့၏ စတီးဘရားသား ကုမ္ပဏ၊ီ ချစ်တီးကုလားများနှင့် ပြိုင်ဆိုင်ကာ စပါးပွဲစားလုပ်ခဲ့ ရာမှ ထိပ်ထိပ်ကြဲ ချမ်းသာလာသူဖြစ်သည်။တိပိကဋရ မင်းကွန်းဆရာတော်ကြီး၏ ရဟန်းဒါယကာ လည်းဖြစ်သည်။
ဆာဦးသွင်သည် မိဘများဖြစ်ကြသော ဦးဖလ်+ဒေါ်ယဉ် တို့ ခေါင်းချခဲ့သော နေရာ မိမိတို့ ညီအကို မောင်နှမများ မွေးဖွါးချက်မြုပ်ခဲ့သော ဒိုင်းဝန်ကွင်း ရှိ နေအိမ်နေရာတွင် ရွှေချက်သို လွမ်းစေတီကို တည်ထားခဲ့သည်။ထိုစေတီနှင့် တဆက်ထဲ ဓမ္မာရုံကြီးကိုလည်း တည်ဆောက်လှူဒါန်းခဲ့သည်။ထိုဓမ္မာရုံကို မိဘများအား ကျေးဇူးဆပ်သော အနေဖြင့် မိဘများ၏အမည်များဖြင့်သော ဦးဖလ်+ဒေါ်ယဉ်ကိုယူကာ ဖလ်-ယဉ် ဓမ္မာရုံဟု အမည်ခေါ်တွင်စေခဲ့သည်။
အနောက်ရှမ်းကုန်းလမ်း နှင့် မောင်ကလေးလမ်းကြား၊ လမ်းသစ်လမ်းပေါ်တွင်တည်ရှိသည်။
ဦးအုံးဖေ အကြောင်းကို ဆက်ပါဦးမည်။ ဦးအုံးဖေကို 1884 တွင် ယခု ဒိုင်းဝန်ကွင်းရှိ ရွှေချက်သို စေတီ ရှိရာ နေအိမ်တွင် မွေးဖွါးခဲ့သည်။ဦးဖလ်+ဒေါ်ယဉ် သည် အငယ်ဆုံးသားလေး ဖြစ်သော မောင်အုံးဖေ ကို အချစ်ပို၍ အလိုလိုက်သည်။
မောင်အုံးဖေ သည် မော်လမြိုင်မြို့  စိန့်ပက်ထရစ် ယခု အ.ထ.က (၅) မှ (၁၀) တန်းအောင်မြင်သည်။အင်္ဂလိပ်စာ အရေး အပြောအဆို ကျမ်းကျင်ရုံသာမက ချစ်တီးစကား၊ ဘင်္ဂါလီစကား၊မွန်စကားတို့ ကို ကောင်းမွန်ရေလည်စွာ ပြောဆိုတတ်သည်။
၁၀ တန်းအောင်သော် တက္ကသိုလ် သို့ ဆက်မတက်ပဲ မိဘများ၏စီးပွါးရေးလုပ်ငန်းများ ကို ဆက်လက်လုပ်ကိုင် ခဲ့သည်၊လောင်းကစားမဖက် ကံဥာဏ် ဝိရိယ ရှိသော မောင်အုံးဖေသည် သုံးလေးနှစ် အတွင်း သူဌေးလေး မောင်အုံးဖေ ဖြစ်လာသည်၊
မောင်အုံးဖေ အသက် ၂၄ နှစ် အရွယ်တွင် ဖက်တန်းရပ်မှ ကုန်သည်ကြီး ဦးဟန်+ဒေါ်သင်းရီ တို့၏ သမီး ကွန်ဗင့် (ယခု အဝေးသင်တက္ကသိုလ် မော်လမြိုင် ဌါနခွဲ) ကျောင်းသူ မငွေညွန့်  နှင့် လက်ထပ် သည်၊ မငွေညွန့် အသက် ၁၆ နှစ်သာရှိသေးသည်။
ကံဥာဏ် ဝိရိယ ကို အခြေခံကာ ကြိုးစားသောကြောင့် စီးပွါးရေးမှာ ဒီရေအလား တိုးပွါးလာသည်၊လယ်ဧက ၈၀၀၀ ကျော် ပိုင်ဆိုင်လာသည်၊ရာဘာခြံများလည်း ပိုင်ဆိုင်လာသည်၊ ဘီလူးကျွှန်း ဘုရားကြီးကုန်း ဆန်စက်နှင့် မော်လမြိုင် မရမ်းကုန်း သစ်စက်တို့ ကို ပိုင်ဆိုင်လာသည်။
မော်လမြိုင်မြို့  တွင် ဦးအုံးဖေ ပိုင်ဆိုင်သော တိုက်အလုံးပေါင်း ၁၀၈ လုံးရှိသည် မော်လမြိုင် လျှပ်စစ်ဓါတ်မီး ကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သည်၊ ဂလုပ်ရုံ ပိုင်ရှင်လည်းဖြစ်သည်၊ ဂလုပ်ရုံမှာ ဦးအုံးဖေ လက်ထက်တွင် နန်းတော်ရုံ ဟု အမည်ပြောင်းလိုက်သည်။
No comments:
Post a Comment