အတားဆီးမဲ့ စီးဆင်းနေသော ရင်ခုန်သံ စီးကြောင်းတစ်ခု

Monday, April 18, 2011

ကြုံရဆုံရ စင်္ကာပူ ဝယ်

သူငယ်ချင်းတယောက်
စလုံးကိုလာပြီး အလုပ်လာရှာတယ်၊ အိမ်မှာတည်းတယ်
ညဘက် ရွာမှ ရည်းစားနဲ့ vzo ပြောတယ်၊ စပီကာကြီး ဖွင့်လို့
"အလုပ်ရအောင်ရှာ မရရင်ပြန်မလာနဲ့တဲ့ ၊
အလုပ်မရပဲ ပြန်လာရင် မျက်နှာဘယ်လိုပြရမလဲ ရှက်စရာကြီး"
သူငယ်ချင်းခမျာ စပီကာ ကိုလှမ်းပိတ်သော်လည်း
နောက်ကျသွားခဲ့တယ်။

သူငယ်ချင်းတယောက်
ရွာကိုခွင့်ယူပြီး ကမန်းကတမ်း ပြန်သွားတယ်၊
ရွာကမိန်းမ နောက်မီးလင်းတယ်လို့
သတင်းရလို့တဲ့။

သူငယ်ချင်းတယောက်
ရွာပြန်ပြီး မင်္ဂလာ သွားဆောင်တယ်
ပြန်လာတော့ မျက်နှာမရွင်မပြနဲ့ မေးကြည့်တော့၊
လေးနှစ်လုံးလုံး စလုံးကနေ မိသားစုကို ပိုက်ဆံပို့တာ၊
ညီအကို မောင်နမများ သုံးကြဖြုန်းကြနဲ့
ဘာမှစုမထားကြဘူးတဲ့ မင်္ဂလာဆောင်တော့၊
အကြွးတွေ တပြုံကြီး တင်ခဲ့တယ်တဲ့။

သူငယ်ချင်းတယောက်
ဖုန်းထဲမှာ ရွာမှာကျန်ခဲ့တဲ့ မိန်မနဲ့ စကားများနေတယ်၊
သူရွာကို ပိုက်ဆံမပို့တာ(၇)လ ရှိသွားပြီးတဲ့
ကာစီနိုမှာ အလှူအတန်းကြီးလုပ်မိတာ
ဂဏန်း 5 digits ကျော်သွားပြီးတဲ့

သူငယ်ချင်းတယောက်
အသက် ၄၀ နားကပ်ကာနီးမှ စလုံးမှာ မိန်းမရတယ်
ငယ်ငယ်ချောချောလေး ကောင်မလေး အလုပ်လာရှာတဲ့၊
နှစ်ကြိမ်စလုံး စပွန်ဆာ ပေးတယ်ဆိုပဲ

သူငယ်ချင်းတယောက်
စင်္ကာပူ ပီအာ ပါ
ပိုက်ဆံလိုက်ချေးနေတယ်
pass port သက်တမ်းတိုးရတော့မယ်
အခွန်က သုံးနှစ်စာ ဆောင်ရမယ်တဲ့။

သူငယ်ချင်းတယောက်
စိတ်ဆင်းရဲနေရတယ်
ရွာကမိန်းမ စင်္ကာပူကိုမလာရလို့ ဂျီကျနေတယ်တဲ့
လစာက ၁၅၀၀ တောင်မပြည့်
အိမ်ငှားခ၊ လမ်းစရိတ်၊ စားစရိတ်နဲ့
စလုံးရောက်နေတဲ့ သူတွေကို နတ်ရေကန်ထဲ ကျနေတယ်လို့
ထင်နေလားမသိဘူးတဲ့

သူငယ်ချင်းရဲ့  သူငယ်ချင်းမတယောက်
xxx...,,,,,
,,,,,.....xxx
မပြောချင်တော့ပါဘူး

အဲ့
ကျွန်တော်ကျတော့
မိန်းမက သတိရရင် ရွာကနေ miss call လှမ်းပို့တတ်တယ်
အဲဒီအခါကျရင် ခလေးတွေနဲ့ စကားပြောရတယ်
သားနဲ့ သမီးက ဖေဖေ့ကို ချစ်တယ်တဲ့
မိန်မကလည်း မောင့်ကို အရမ်းသတိရတာပဲတဲ့
တိုက်ဆိုင်မူများဗျာ
မိန်းမ miss call လှမ်းပို့ တဲ့ နေ့တွေဟာ
ကျွန်တော် လခထုတ်တဲ့နေ့ ဖြစ်နေတတ်တယ်

စင်္ကာပူရောက် သယ်ရင်းများ
ဘဝအမောတွ ပြေနိုင်ကြပါစေ