အတားဆီးမဲ့ စီးဆင်းနေသော ရင်ခုန်သံ စီးကြောင်းတစ်ခု

Monday, April 11, 2011

ဓါတ်မီးသူဌေး ဦးအုံးဖေ (၃)

လောကဓံ ၏အလှည့် အပြောင်းကို လူသားတစ်ဦးဖြစ် သော ဦးအုံးဖေ လည်းမလွတ်ကင်းနိုင်ပါ ရင်ဆိုင်ကြုံတွေ့ ခဲ့ရတာပေါ့၊

မော်လမြိုင်ကို ဂျပန်များ တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ပြေးဘဝဖြင့် ဘီလူးကျွှန်းသို့ သွားရောက်နေထိုင်ရသည်။ အခြေနေ တည်ငြိမ်စပြုချိန် မော်လမြိုင်ကို ပြန်လာတော့ မိမိ၏ ဓါတ်အားပေး စက်ရုံ သည်လည်းဖျက်ဆီးခံခဲ့ရ လေပြီ၊ ထိုအချိန်မှစ၍ ဦးအုံးဖေ သည် စီးပွါးရေးလုပ်ငန်းများကို လုံးဝ မလုပ်ကိုင်တော့ပေ။

ဂျပန်ခေတ်တွင် မလိုသူအချို့  ၏ ချောက်တွန်းမူကြောင့် ဂျပန်တို့၏ ငြိုငြင်မူ ကို ခံခဲ့ရရှာသည်။ရှိသမျှအတွင်းပစ္စည်း များကို ရောင်းချကာ 1943 သြဂုတ်လ 1 ရက်နေ့ တွင် ထုတ်ဝေသော ဂျပန်ပိုက်ဆံ ၁၀ ကျပ်တန် ဗမာနိုင်ငံတော် လွတ်လပ်ရေး ငွေစု စာချုပ် အများအပြား ဝယ်ယူပြတော့မှ ဂျပန်တို့ ဦးအုံးဖေ အပေါ် အမြင်ကြည်လာသည်။

မိသားစု စားဝတ်နေရေးကို သားဖြစ်သူ ဦးစိုးတင်မှ နန်းတော်ရုံတွင် ဇာတ်ပွဲများသွင်း၍ ဝင်ငွေ ရှာရသည်။ ဖက်ဆစ် တော်လှန်ရေးစတင်၍ ဂျပန်များပြေးကာနီးတွင် ဒုတိယ ကမ္ဘာစစ်မတိုင်မီက ဦးအုံးဖေထံမှ ငွေဒင်္ဂါးများ ယူကာ ရွှေငွေ လက်ဝတ်ရတနာ နှင့် လယ်ယာများကို အပေါင်ထားသူများက ဂျပန်ကင်ပေတိုင်များကို အားကိုးကာ ဂျပန်ငွေ စက္ကူများဖြင့် ပြန်လည် ရွေးယူကြသည်။ ဦးအုံးဖေ လည်းဂျပန် များကို ကြောက်ရ၍ ဂျပန်ငွေစက္ကူ များကို လက္ခံရလေသည်။

ဖက်ဆစ်တော်လှန်ရေး ကာလအတွင်း စစ်ပြေးဘဝဖြင့် ဘီလူးကျွှန်းသို့ ဒုတိယအကြိမ် သွားရောက်နေရပြန်သည်။ ဂျပန်များလက်နက်ချ၍ ဦးအုံးဖေ မော်လမြိုင်ကို ပြန်လာသောအခါ ဦးအုံးဖေလက်ထဲတွင် အင်္ဂလိပ်ငွေ ၃၅၀ ကျပ်သာရှိတော့သည်။ ထိုအချိန်တွင် ဦးအုံးဖေ သည် ဇရာ အကျပိုင်းသို့ ရောက်လာသည်သာမက လည်ချောင်းနာရောဂါ ကိုလည်း စတင်ခံစားနေရရှာသည်။

1945 စက်တင်ဘာ 16 တနင်္ဂနွေနေ့ နံနက် ၉နာရီအချိန်တွင် ကျိုက်သလ္လန်စေတီရှိရာ နာဂဝိသတောင်စွယ် အရှေ့ တောင်ထောင့် ကမ်းပါးယံကြီး ပြိုကြသွားသည် ပဌါန်းဇရပ် ပါသွားရုံမက ရွှေစာရံ ကျောင်းတိုက်ဇရပ်ပါ ပိ၍ ခိုကိုးရာမဲ့ သူ အယောက် ၂၀ ခန့် မြေပိသေဆုံးရှာသည်၊ ချက်ချင်းမပြုပြင်လျင် နောက်ထပ် အဆင့်လိုက် ပြိုကြနိုင်သည်။သိုဖြင့်၍ ရင်ပြင်တော်ပြုပြင်ရေး အဖွဲ့ ကို ချက်ချင်းဖွဲ့ ၍ ဦးအုံးဖေမှာ ဥက္ကဌ တာဝန်ယူရသည်။ဂျပန်အပြေး အင်္ဂလိပ် အဝင်ဖြစ်၍ ဦးအုံးဖေလက်ထဲတွင် အင်္ဂလိပ်ငွေ ၃၅၀ ကျပ်သာရှိသည်။ ထိုကြောင့် စိန်ထည်ပစ္စည်းတော်တော် များများကို ပေါင်နှံရောင်းချ၍ အလှူ ငွေ ထည်ဝင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့က သံဖြူဇရပ်မှ ထိုင်းနိုင်ငံ ဘန်ပေါင်အထိ 415 km ရှည်သော သေမင်းတမန် ရထားလမ်းကို ဖေါက်လုပ်ရာ မြန်မာနိုင်ငံသား ၂ သိန်းကျော် ချွေးတပ်သားအဖြစ် စုဆောင်းခံရသည်။ ၈ သာင်းကျော် အသက်ဆုံးရှုံးသည်။ သေဆုံးသူ ဦးေ၇သည် မီးရထားဇလီဖါးတုံး အရေအတွက်နှင့် ညီမျှသည်။

1946 ဒီဇင်ဘာ 18 တွင် သေဆုံးသူများအတွက် သံဖြူဇရပ်တွင် သရဏဂုံ တင်ပွဲ ကျင်းပပြုလုပ်သည်။သရဏဂုံ တင်ပွဲမ ကျင်းပမှီ ၁၈ ရက်အလို မော်လမြိုင်အရေးပိုင်က မြိုမိမြိုဖ များကို အစည်းဝေးခေါ်သည်။ဦးအုံးဖေက သံဃာတော်များကို သင်္ကန်း ၊ထီ၊ဖိနပ် လှူရန် ကတိပြုသည်၊ အစည်းအဝေကျင်းပနေစဉ် ဦးအုံးဖေ ချောင်းဆိုးရာ သွေးပါသည် ဦးအုံးဖေသည် မိမိ၏ ယာဉ်မောင်းအား မိမိ၏ အော်စတင်ကားဖြင့် အိမ်သို့ အမြန်မောင်းစေရာ ဦးအုံးဖေ၏ အိမ်မရောက်မီ ကိုက် ၂၀၀ အကွာတွင် ချောင်းဆိုးသွေးအံကာ ကားပေါ်မှာပင် ကွယ်လွန်ခဲ့လေသည်။

ရှေးအခါက မော်လမြိုင်တွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ ၏ သချိုင်းများရှိသည်၊ဦးဇိန ဘုရား အနောက်ဘက် တောင်ခြေတွင် ရှိသည်၊မြို့ လူဦးရေ တိုးပွါးလာသလို မြို့ ကလည် ချဲ့ လာသဖြင့် အလောင်းသဂြိုလ်ရန် မြေနေရာ အခက်အခဲ ရှိလာသည်

ဦးဇိန ရင်ပြင်ပေါ်ရှိ ချမ်းသာကြီးဘုရား ဒါယကာ သမာဓိမြို့ ဝန် ဦးရွှေရိုးက မိမိပိုင် မြေနီကုန်းရာဘာတောကြီးကို သုသာန်အဖြစ်အသုံးပြုရန် လှူဒါန်းသည် ဦးရွှေရိုး ကွယ်လွန်သော် မြေးဖြစ်သူ ဦးဘသက်က မြေနီကုန်း သုသာန်ကို ဆက်လက်ထိန်းသိမ်းသည် ဦးဘသက် နှင့် ဦးအုံးဖေ မှာ ခင်မင်ရင်းနှီးသူ ဖြစ်၍ မြေနီကုန်း သုသာန် နယ်မြေအတွင်း ကျွန်းပင်ကုန်း သချိုင်းမြေကွက်ကို မိမိ၏မိသားစုသဂြိုလ်ရန် မြေကွက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည်၊ူ ဦးဘသက်က လိုက်လျှောသည်။

ဦးအုံးဖေ ၏ ရုပ်အလောင်းကို မြေနီကုန်း သုသာန် နယ်မြေအတွင်း ကျွန်းပင်ကုန်း သချိုင်း တွင် ဂူသွင်း သဂြိုလ်သည် ဦးအုံးဖေ၏ ဇာတ်လမ်းကားမပြီးဆုံးသေးပေ။

ဦးအုံးဖေ ကွယ်လွန်ပြီး ၁၂ နှစ် အကြာ 1958 မတ်လ 31 တွင်ဇနီးဖြစ်သူ ဒေါ်ငွေညွန့်  ကွယ်လွန်သည်။ ဦးအုံးဖေ၏ ဂူနံဘေးတွင် ဂူသွင်း သဂြိုလ်သည်။

ယခုခေတ်ကာလ စစ်ကောင်စီ လက်ထက်တွင် မြန်မာ နိုင်ငံ၏ အရှည်ဆုံး သံလွင်တံတား(မော်လမြိုင်) ကို တည်ဆောက်ရာ မော်လမြိုင်တွင် မီးရထားဘူတာရုံနှင့် ကားများရပ်နားရန် စခန်းတည်ဆောက်ရန် မြေနီကုန်းသုသာန်ကို ဖျက်သိမ်းသည်။

2002 ခုနှစ်တွင် သချိုင်းများဖျက်နေကြောင်းသတင်းရ၍ ဦးအုံးဖေ၏ မြေးများက ချက်ချင်းသွား ရောက်သော်လည်း ဦးအုံးဖေ၏ ဂူမှာဖျက်ပြီးနေ သည်ကို တွေ့ ရသည် ပါးစပ်တွင်ထည်ထားသော ကူးတို့ခ ရွှေမတ်စေ့ နှင့် လက်ဝတ်ရတနာ အချို့ သုဘရာဇာများရသည်ဟု သတင်းရသည် ဒေါ်ငွေညွန့်  ၏ဂူကိုဖျက်ရာ ရွှေကွတ် ပယင်းကြယ်သီးတစုံ ရသည် ကြယ်သီးကို သုဘရာဇာများအားပေးလိုက်ရာ သုဘရာဇာများက ဦးအုံးဖေတို့ ဇနီးမောင်နံ ရုပ်ကြွင်းများအား သွက်သွက်လက်လက် မီးသဂြိုလ် ကြရာ ၂ နာရီအတွင်း အရိုးပြာကျသည်။ အရိုးပြာ များကို ပိန္နဲကုန်း သုသာန် တွင် အမှတ်သားလုပ်၍ မြုပ်နှံသည်။

ဤတွင် မော်လမြိုင်မြို့  ကို လျှပ်စစ်မီးပေး၍ ဂုဏ်ဆောင်ခဲ့သော ဦးအုံးဖေ၏ ဇာတ်လမ်းကား ပြီးဆုံး သွားလေတော့သည်။

(မှီငြမ်း-ဆရာအံ့ကျော်၏ မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်း နှင့် မော်လမြိုင် မဂ္ဂဇင်း ၁၉၉၇ မှ)