နယ်ချဲ့  အင်္ဂလိပ် ယတြာချေခဲ့သည်။
ကျွန်တော်လည်းတော်တော်အံ့သြသွာတယ် အမှန်တကယ် မော်လမြိုင်မှာ ဖြစ်ပျက်ခဲ့ပါတယ် အင်္ဂလိပ်-မြန်မာ တတိယ ကျူးကျော်စစ် မဆင်နွဲမီ စစ်ပွဲအောင်နိုင်ရေးအတွက် အင်္ဂလိပ်တပ်များ ယတြာချေခဲ့ပါတယ်။
ဗိုလ်မူးကြီးဘလိတ် ဦးဆောင်သော အင်္ဂလိပ်နှင့် ကုလားစစ်သားများသည် ယ္ခု မန္တလေးအရပ်ရှိရာအရပ်တွင် နန်းတော် မြို့ ရိုး ပြသာဒ် များကို သစ်ဝါးတို့ ဖြင့် လှပစွာ ဆောက်လုပ်ကြသည် ယခုတိမ်ကောနေသော ရွှေတစ်ချောင်းကို ကျုံးအဖြစ်သတ်မှတ်ကြသည်။
ထိုနောက် အင်္ဂလိပ်နှင့် ကုလားစစ်သားများသည် သရုပ်ဆောင်တိုက်ပွဲ ကျင်းပကာ နန်းတော် မြို့ ရိုး ပြသာဒ် များကို မီးရှို့  ကာ ထီးနန်းနှင့်တကွ ရတနာပုံ မန္တလေးကို အင်္ဂလိပ်စစ်တပ်က သိမ်းယူလိုက်ပြီဟု ကြွေးကြော်ကြသည် ထိုအရပ်ကို မန္တလေးအရပ်ဟု ခေါ်သည်။
တတယကျူးကျော်စစ်ကြီး ပြီးသောအခါ ကုလားစစ်သားများမှာ အိန္ဒိယသို့ မပြန်ကြတော့ပဲ မန္တလေးအရပ်မှာပင် ကြက်မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်လာကြသဖြင့် ကြက်တန်းမန္တလေးရပ်ဟု အမည်တွင်ခဲ့ ပြန်သည်။ယ္ခုအခါ မှာတော့ ကြက်တန်းကိုဖြုတ်ကာ မန္တလေးရပ် ဟူ၍ ပြောင်းလဲခေါ်ဝေါ် ခဲ့ ပါသည်။
ယတြာချေခဲ့သော နေရာမှ အလည်တည့်တည့် နန်းတွင်းပလ္လင်ထားရာနေရာကို ဒေသခံတို့က စေတီတည်၍ နန်းဦးနေရာကို ၀တ္တကမြေအဖြင့် သတ်မှတ်ကြသည် ထိုစေတီကား ယ္ခု မန္တလေးအရပ်ရှိ ပြည်လုံးချမ်းသာစေတီပင် ဖြစ်တော့သည် မော်လမြိုင် hotel အ၀င်လမ်းတွင် တည်ရှိသည်။
(မှီငြမ်း-ဆရာအံ့ကျော်၏ ရွှေတောင်ကျောင်းတိုက် သမိုင်းမှ)
Monday, March 28, 2011
မော်လမြိုင်နှင့် ရပ်ကွက်အမည်များ
တလောက facebook မှာ ဆရာဦးအောင်သင်းရဲ့  မော်လမြိုင် ရွှေတောင်ကျောင်းတိုက်သမိုင်း အကြောင်း ဆက်တိုက်ပါလာတော့ မော်လမြိုင်သားဖြင့်တဲ့ ကျွန်တော်လည်း မော်လမြိုင်အကြောင်းရေးမယ်လို့ စိက်ကူးရလာပါတယ်။
မော်လမြိုင်သားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ MON GTI မှာ ပညာနို့ရည် သောက်စို့ ဖူးသူတိုင်း မော်လမြိုင်နဲ့ ကင်းကွာလို့ မရပါဘူး ကံအားလျော်စွာပဲ ဆရာဦးအံ့ကျော်ရဲ့  မော်လမြိုင် ရွှေတောင်ကျောင်းတိုက်သမိုင်း စာအုပ်ကို လက်ဝယ်ရရှိခဲ့ ပါတယ်။
မော်လမြိုင်မြို့  သက်တမ်းက မန္တလေး ထက် နှစ် ၃၀ ပိုကြီးပါတယ် မန္တလေး ကမြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီး မော်လမြိုင်ကတော့ အင်္ဂလိပ် ၀န်ရှင်တော်မင်းကြီး မိန်းဂေး က (1829) မှာကျိုက္ခမီ မှ မော်လမြိုင်ကို တိုင်းရုံး ပြောင်းပြီးစိုက်ခဲ့တာပါ။
ထူးဆန်းမူ့ တခုက တော့ ရှေးလူကြီးတွေက မော်လမြိုင်မြို့  ကရပ်ကွက်များကို နာမည်ဆန်းဆန်းနှင့် န၀င်းကြေအောင် ပေးသွားခဲ့  ကြပ်တယ်။
ကုန်း(၉)ကုန်း ချောင်(၉)ချောင် တန်း(၉)တန်း ဆိုပြီး မော်လမြိုင် ရက်ကွက်တွေကို အမည်ပေးခဲ့ကြပါတယ်။
ကုန်း(၉)ကုန်းမှာ
၁။ရှမ်းကုန်း
၂။ဇီးကုန်း
၃။ဇော်ကုန်း
၎။ထန်းပင်ကုန်း
၅။သာယာကုန်း (မွန်သူကြီးဦးသာယာ နေထိုင်အုပ်ချုပ်ခဲ့သည်ကို အစွဲ ပြု၍ )
၆။စစ်ကဲကုန်း (စစ်ကဲကြီး ဦးထော်လေး နေထိုင်ခဲ့ သည်ကို အစွဲပြု၍)
၇။မရမ်းကုန်း (မရမ်းပင်များ ပေါက်ရောက်ရာ ကို အစွဲပြု၍)
၈။ဖိုးစောကုန်း (မွန်သူကြီးဦးဖိုးစော နေထိုင်အုပ်ချုပ်ခဲ့သည်ကို အစွဲ ပြု၍ )
၉။ဘိုကုန်း (ဥရောပတိုက်သားများ စုဝေးနေထိုင်ခဲ့ သည်ကိုအစွဲပြု၍)
ချောင်(၉)ချောင်မှာ
၁။ပဲခူးချောင်
၂။သရက်ချောင်
၃။ရေကန်ချောင်
၎။ခရုချောင်
၅။ပူတူးချောင်
၆။နှပ်ချီးချောင်
၇။ပတ္တလားချောင်
၈။ဘီလိုင်ချောင်
၉။ငှက်ဆိုးချောင် (ယခု ဒေါင်းမင်းရပ်)
တန်း(၉)တန်းမှာ
၁။လမုတန်း
၂။လှည်းတန်း
၃။စက်တန်း
၎။ပျဉ်ထောင်တန်း
၅။တရုပ်တန်း
၆။ဖက်တန်း (သနပ်ဖက်များ ရောင်းဝယ်ရာရပ်ကွက်ကို အစွဲပြု၍)
၇။တောင်ပေါ်တန်း
၈။၂၈ အိမ်တန်း
၉။နတ်မှော်တန်း တို့ ဖြစ်သည်။
နောက်ထပ်ရပ်ကွက်အမည် များ သမိုင်းနှင့် တကွဖြစ်ပေါ်လာပုံကိုလည်း ပြောပြချင်ပါသေးတယ်
သမိုင်းဝင် နန်းစဉ် ပတ္တမြား ငမောက် ကို မလိမ့်တပတ်နှင့် အပျောက်ရိုက်သွားခဲ့သော ဒုဗိုလ်မူးကြီးစလေဒင် မော်လမြိုင်၌ အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်စဉ် နေထိုင်သွားခဲ့သော အရပ်ကို ယနေ့ ထိတိုင် အရေးပိုင်ကုန်း ဟုခေါ်ဝေါ်နေသေးသည်။
မုပွန်မှာ မွန်ဘာသာဖြင့် (မုဟ်ပန်) အငူအစွန်း ဟု အဓိပါယ်ရသည်။
မွန်သူကြီးဖိုးမောင်ငံ အုပ်ချုပ်ခဲ့သော အရပ်ကို မောင်ငံရပ်။
ဓမ္မစေတီမင်း လှူဒါန်းခဲ့သော သိမ်ရှိရာအရပ်ကို သိမ်ကုန်းရပ်။
ထားဝယ်မြို့ မှ ပြောင်ရွေ့  အခြေချသူများ နေထိုင်ရာအရပ်ကို ထားဝယ်စု။
ပန်းပဲသမားများ စုပေါင်းနေထိုင်ရာအရပ်ကို ပန်းပဲတန်း။
ပြင်သစ်သင်္ဘောတစ်စီး လဲပြိုနစ်မြုပ်ခဲ့သောအရပ်ကို သင်္ဘောလဲရပ်။
ပြည်မြို့ အနီးရွှေတောင်မှ ပြောင်ရွေ့  အခြေချသူများ နေထိုင်ရာအရပ်ကို ရွှေတောင်ရပ်။
ဗဒုံမင်းလက်ထက် ထားဝယ်မှပုန်းကန်သူများကို နှိမ်းနင်းခဲသော ဒိုင်းဝန်မင်းကြီး၏ တပ်များ တစ်လခန့် စခန်းချခဲ့သော ကွင်းကို ဒိုင်းဝန်ကွင်း အရပ်ဟု အမည်နာမများ ခေါ်တွင်ခဲ့ပါသည်။
ဆက်လက်၍ ဖေါ်ပြပါမည်။

Subscribe to:
Posts (Atom)