နယ်ချဲ့  အင်္ဂလိပ် ယတြာချေခဲ့သည်။
ကျွန်တော်လည်းတော်တော်အံ့သြသွာတယ် အမှန်တကယ် မော်လမြိုင်မှာ ဖြစ်ပျက်ခဲ့ပါတယ် အင်္ဂလိပ်-မြန်မာ တတိယ ကျူးကျော်စစ် မဆင်နွဲမီ စစ်ပွဲအောင်နိုင်ရေးအတွက် အင်္ဂလိပ်တပ်များ ယတြာချေခဲ့ပါတယ်။
ဗိုလ်မူးကြီးဘလိတ် ဦးဆောင်သော အင်္ဂလိပ်နှင့် ကုလားစစ်သားများသည် ယ္ခု မန္တလေးအရပ်ရှိရာအရပ်တွင် နန်းတော် မြို့ ရိုး ပြသာဒ် များကို သစ်ဝါးတို့ ဖြင့် လှပစွာ ဆောက်လုပ်ကြသည် ယခုတိမ်ကောနေသော ရွှေတစ်ချောင်းကို ကျုံးအဖြစ်သတ်မှတ်ကြသည်။
ထိုနောက် အင်္ဂလိပ်နှင့် ကုလားစစ်သားများသည် သရုပ်ဆောင်တိုက်ပွဲ ကျင်းပကာ နန်းတော် မြို့ ရိုး ပြသာဒ် များကို မီးရှို့  ကာ ထီးနန်းနှင့်တကွ ရတနာပုံ မန္တလေးကို အင်္ဂလိပ်စစ်တပ်က သိမ်းယူလိုက်ပြီဟု ကြွေးကြော်ကြသည် ထိုအရပ်ကို မန္တလေးအရပ်ဟု ခေါ်သည်။
တတယကျူးကျော်စစ်ကြီး ပြီးသောအခါ ကုလားစစ်သားများမှာ အိန္ဒိယသို့ မပြန်ကြတော့ပဲ မန္တလေးအရပ်မှာပင် ကြက်မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်လာကြသဖြင့် ကြက်တန်းမန္တလေးရပ်ဟု အမည်တွင်ခဲ့ ပြန်သည်။ယ္ခုအခါ မှာတော့ ကြက်တန်းကိုဖြုတ်ကာ မန္တလေးရပ် ဟူ၍ ပြောင်းလဲခေါ်ဝေါ် ခဲ့ ပါသည်။
ယတြာချေခဲ့သော နေရာမှ အလည်တည့်တည့် နန်းတွင်းပလ္လင်ထားရာနေရာကို ဒေသခံတို့က စေတီတည်၍ နန်းဦးနေရာကို ၀တ္တကမြေအဖြင့် သတ်မှတ်ကြသည် ထိုစေတီကား ယ္ခု မန္တလေးအရပ်ရှိ ပြည်လုံးချမ်းသာစေတီပင် ဖြစ်တော့သည် မော်လမြိုင် hotel အ၀င်လမ်းတွင် တည်ရှိသည်။
(မှီငြမ်း-ဆရာအံ့ကျော်၏ ရွှေတောင်ကျောင်းတိုက် သမိုင်းမှ)
No comments:
Post a Comment