လူသားတွေဟာ အတ္တသားကောင်တွေ ဖြစ်တဲ့အတွက် လောကမှာ မည်သူ့ကို အချစ်ဆုံးလဲ ဆိုတဲ့ မေးခွန်းရဲ့  အဖြေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဖြစ်ပါတယ် ရာခိုင်နုန်း တော်တော် များများ မှန်ပါလိမ့်မယ် အဲ- လောကမှာမည်သူ့ ကို စိတ်ဝင်စားသလဲ ဆိုရင်တော့ ဆန့်ကျင်ဖက် သတ္တ၀ါ တွေလို့ ဖြေရပါမယ် ဒီအဖြေက ရာနုန်းအတော်များများ မှန်ပါတယ်
ဆက်လက် ရှင်းပြပါရစေ မိတ်ဆွေ
အမိဝမ်းက စကျွတ်ကတည်းက မိခင်ရဲရင်ခွင်ထဲမှာ ကလေးငယ်များဟာ အပစ်ကင်းစွာနဲ့ ဘာမှလည်းမသိဘူး
နို့ဆာရင် ငိုမယ် ရူးပေါက်မယ် အီးပါမယ် အိပ်မယ် သူတို့ မချစ်တတ်သေးဘူး
လပိုင်းလောက် ကြာတဲ့အခါ မိခင်ရဲ့ ရင်ငွေ့ကို မှတ်မိလာတယ် မိခင်ကိုစပြီး ချစ်တတ်လာပြီး နောက်ထပ်လအနည်းငယ် ကြာတဲ့အခါ အဖေကိုလည်းမှတ်မိလာတယ် အိမ်ရှိ လူအားလုံးကိုလည်း မှတ်မိလာပြီး မိခင်ကို ပိုပြီးခင်တွယ်တယ် တခါတရံမှာ အဖတောင် ချီလို့မရပါဘူး
တစ်နှစ်ခွဲ နှစ်နှစ်လောက် စကားတီတီတာတာ စပြာတတ်တဲ့အရွယ်မှာတော့ ချစ်တယ်ဆိုတဲ့စကားကို မိဘတွေသင်ပေးလို့ တတ်လာပြီး `မေ့မေ့ကိုချစ်လားလို့´ မေးရင် `ချစ်တယ်´ `ဘယ်လောက်ချစ်လဲ´ လို့ မေးရင် `အများကြီးချစ်တယ်` ဆိုပြီး လက်နှစ်ဖက်ကို ဘေးကားပြီးဖြေလိမ့်မယ် `ဖေဖေနဲ့မေမေ ဘယ်သူ့ကို ပိုချစ်လဲ´ လို့မေးရင် `မေမေကို ပိုချစ်တယ်´ လို့ဖြေကြဦးမယ် ဘာဖြစ်လို့လဲဆိုတော့ မိခင်ကအိမ်မှာ လက်ပွန်းတတီးနဲ့ နေ့ရောညပါ ကလေးကိုပြုစု စောင့်ရှောက်ချိန် ပိုများလို့ ပဲ
၃.၄.၅.နှစ် ကျောင်းစနေတဲ့ အရွယ်ရောက်ရင်တော့ မျောက်ရူံးလောက်အောင် ဆော့ကြဆဲ့ အရွယ်ရောက်ပြီး
အစားအသောက်ကို မမက် အဆော့ကိုသာမက်ပြီး ထမင်းထက် သွားရည်စာ တွေကို ပိုမက်လာတယ်
အဲဒီမှာ မိခင်ဖြသ်သူက ဟဲ့သား နေပူထဲ မထွက်ရဘူး မိုးရွာနေတယ် ဖျားဦးမယ် ဒီဟာမစားရဘူး ချောင်းဆိုးမယ်
စသည်ဖြင့် ပိတ်ပင်လာမယ် အခန့်မသင့်ရင် ရိုက်ပြီးတော့ ဆုံးမလိမ့်မယ် ဆိုးသွားမှာစိုးလို့ သိပ်အလိုမလိုက်တော့ဘူး
ဖခင်ဖြစ်သူက အဲဒီလိုမဟုတ်ဘူး အလုပ်ကပြန်လာရင် သားသမီးတွေအတွက် မုန့် တွေဝယ်လာမယ် ကစားစရာ အရုပ်တွေလည်း ၀ယ်လာတတ်တယ် အလုပ်ပိတ်ရက်တွေမှာလည်း သားသမီးတွေကို ကစားကွင်းတို့ ဘာတို့ ဟိုဟိုဒီဒီ လိုက်ပို့တတ်တယ် အမေကတော့ အိမ်မူ့ ကိစ္စတွေနဲ့ နပမ်းလုံးနေရလို့ တခါတရံမှာ မလိုက်ပို့နိုင်ဘူး
ဖခင်တွေက မုန့်ဖိုးလည်း မကြာမကြာ ပိုပေးလေ့ ရှိတယ်
အဲဒီအရွယ်မှာ `ဖေဖေနှင့်မေမေ ဘယ်သူ့ကို ပိုချစ်လဲ´ လို့မေးရင် ဖေဖေရဲ့ နားရွက်နား ကပ်သွားပြီး မေမေမကြားအောင် `ဖေဖေကို ပိုချစ်တယ်´ လို့ ခပ်တိုးတိုးလေး ဖြကြလိမ့်မယ်
အဲဒီအရွယ်ကနေ မိဘကို ချစ်လာလိုက်တာ ၁၃.၁၄.၁၅ အရွယ် ရောက်လာတဲ့ အခါကြတော့ ချစ်တဲ့အချစ်က
ပုံစံတမျိုး ပြောင်းသွားတယ် မိဘကို အားကိုးအချစ် ကိုးကွယ်တဲ့ အချစ်တွေဟာ အားပျော့သွားပြီး ဆန့်ကျင်ဖက် သတ္တ၀ါတွေကို ပြောင်းပြီး စွမ်းအားပြင်းတဲ့ အချစ်တမျိုးနဲ့ ချစ်တတ်လာတယ် အဲဒီကနေ ဆန့်ကျင်ဖက်တွေကို စိက်ဝင်စားလာတာ သေတဲ့အထိပဲ ဆိုပါတော့ မိဘရဲ့ အခန်းကဏ္ဏဟာ တဖြည်းဖြည်းမှေးမှိန် သွားရရှာတယ်
ငယ်ငယ်က အတူစား အတူကစားခဲ့တဲ့ ကလေးတွေ ဒီအရွယ်ကစပြီး စိတ်တွေပြောင်းလာတယ် ဆန့်ကျင်ဖက်ကို စိတ်ဝင်စားတဲ့ စိတ်ကအားကြီးလာတယ်
ရပ်ကွက် လမ်းကျဉ်းလေး တခုထဲမှာ ကောင်လေးတယောက်နဲ့ ကောင်မလေးတယောက် တယောက်က တောင်ဘက်က တယောက်က မြောက်ဘက်က မျက်နှာခြင်းဆိုင် အနေအထားနဲ့ လမ်းလျှောက်လာတယ်
သူတို့ဟာ ငယ်ငယ်လေးထဲက အတူတူကစားလာခဲ့တဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပါ
ခပ်လှမ်းလှမ်းလေး ရောက်တဲ့အခါကျတော့ ကောင်လေးက ငါတော့ သူ့ကို မကြည့်ဘူးဆိုပြီး ခေါင်းလေးမော့ပြီး
လျှောက်လာတယ် ကောင်မလေးကလည်း ငါသူ့ကို မကြည့်ဘူးဆိုပြီး ခေါင်းလေးကို ငုံ့ပြီး လျှောက်လာတယ်
တကယ်ပဲ တယောက်ကို တယောက် မကြည့်ပါဘူး မျက်နှာချင်းဆိုင် လေးငါးပေလောက် အရောက်မှာတော့
ကောင်လေးက ဒီလိုတွေးတယ် အင်း--သူတော့ငါ့ကို ကြည့်မှာ မဟုတ်ပါဘူး ငါတချက်လောက် ကြည့်လိုက်ဦးမှ ဆိုတဲ့ အတွေးတချက် ပေါ်တယ်
ကောင်မလေးလည်းပဲ သူငါ့ကို ကြည့်မှာ မဟုတ်ပါဘူး ငါတချက်လောက် ကြည့်လိုက်ဦးမယ်ဆိုတဲ့ အတွေးပေါ်ပြန်တယ်
အဲဒီတော့ နှစ်ယောက်စလုံး ပြိုင်တူပဲ တယာက်ကို တယောက် ကြည့်လိုက်မိတဲ့ အခါ
အင်းအားပြင်းထန်သော ကြည့်အလင်းတန်း နှစ်ချောင်းဟာ အရှိန်ပြင်းစွာ ပွတ်တိုက်ခိုက် မိကြပြီး အပူလှိုင်း တစ်ခုကို ဖြစ်ပေါ်စေပါတယ် အဲဒီအပူလှိုင်းကြောင့် ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်စလုံးရဲ့  မျက်နှာမှာ
နီမြန်းပြီး ထူပူသွားရရှာတယ် အဲဒါကို မျက်နှာပူတယ်လို့ ခေါ်တယ် ရှက်သွေးဖြာတယ်လို့လဲ ခေါ်တယ်
ကဲ့ မိတ်ဆွေတို့ ဒီအဖြစ်မျိုး ကြုံခဲ့ ဖူးကြပါသလား ကြုံခဲ့ဖူးတဲ့ သူတွေဆိုရင်တော့ လောကမှာ ဆန့်ကျင်ဖက် သတ္တ၀ါတွေကို စိတ်အ၀င်စားဆုံး ဆိုတာကို လကံ္ခ လိမ့်မယ်လို့ ထင်ပါတယ်။
=================
ဝန်ခံချက်==လွန်ခဲသော ၁၀ နှစ်ကျော်ကျော်လောက်က ဆရာ လယ်တွင်းသားစောချစ် ၏ စာပေဟောပြောပွဲမှ မှတ်မိသလောက် ကို ပြန်လည်ရေးဖွဲပါသည်။
No comments:
Post a Comment