အတားဆီးမဲ့ စီးဆင်းနေသော ရင်ခုန်သံ စီးကြောင်းတစ်ခု

Friday, October 24, 2008

အကြိုက်ဆုံးကဗျာတိုလေးများ

လွန်ခဲသော ၁၅ နှစ်ခန့်က မဂ္ဂဇင်း ကဗျာတိုလေးပါ ကဗျာဆရာရော မဂ္ဂဇင်းပါ မမှတ်မိတော့ပါ ရင်ဘတ်ထဲအထိ စွဲသွားသောကြောင့် အလွတ်ရနေခြင်း ဖြစ်သည် သေသေချာချာ တွေးကြည့်လေ အဓိပ္ပါယ်ကို မြင်ရလေလေ ဖြစ်သည်။

သံပုံးတီး တောထုတ်
ဖုတ်သဘက်နှင်
သူကြီးဝိဥာဏ်ဆုတ်
ရုတ်တရက်ပင်


အခန်းသူကြီးတွေကို ပြောတာမဟုတ်ဘူးနော်

နောက်တခုက မော်လမြိုင်မြို့  ရှိ ဘုန်းကြီးကျောင်း တကျောင်းမှ ဦးပဇင်းငယ်တစ်ပါး ၏ အခန်းဝမှာရေးထားသော ကဗျာဖြစ်သည် လွန်ခဲ့သော ၁၅နှစ်ကျော်ခန့်ပါ

သမုဒယတွေကို
အနုအလှတွေနဲ့
ယုယမနေစမ်းပါနဲ့-- ဒကာ တဲ့

ကဲဦးဇင်းလေးကလောင်သွေးပုံက မထက်ပေဘူးလား

နောက်တခုက မြန်ပြည်မှာ အခုချိန်ထိ လွန်စွာ ထွန်းကားနေတဲ့ နောင်လည်း ဆက်လက်ထွန်းကား ဦးမယ့် အိမ်သာစာပေပါ

စိတ်ညစ်ပြေပျောက်
အရက်သောက်
မူးရင်အိပ်နေ
အသက်ရှည်
နိုးရင်ပြန်သောက်
အကြံပေါက်
ပေါက်တဲ့အကြံ
တသိန်းတန်--တဲ့ ကိုင်းယမကာလုလင် တွေကို အားပေးထားတယ်

နောက်တခုက မြန်မာပြည်က စီမံကိန်းတခုမှာ အလုပ်ဝင်လုပ်တုန်းက အရက်ရောင်းတဲ့ အမကြီးကြီးတဦးရဲ့ 
ဆိုင်က မြေဖြူနဲ့ ရေးထားတဲ့ စာပါ

ပိုက်ဆံတအားပြတ်နေတဲ့ အချိန် ရောင်းစားစရာလည်း(သံတိုသံစ ဘိလပ်မြေအိပ်ခွန် ) ဘာမှမရှိတဲ့အချိန်
တရက်သော နေညိုချိန်မှာ လေပြိုလာလို့ အရက်ဆိုင်ကိုအသွား အရက်ရောင်းတဲ့ အမကြီးကို မြင်တာနဲ့
အစွမ်းကုန် ပြုံးပြပြီး တော်ကီတွေ ပစ်သွင်းလိုက်တယ် ဟာ -အမကြီး ဘာညာဘာညာ ပေါ့

ပြီးတော့ ဆိုင်အကာ ပျဉ်ပြားမှာ ရေးထားတဲ့ စာကြောင့် ထပဲပြန်ရတော့မလို ရုတ်တရက် နုတ်ဆွံ့ သွားတယ်
ရေးထားတဲ့စာက

သူပြုံးနေသည်
အကြွေးယူတော့မည်
တဲ့

ဒါပေမယ့် အကြွေးတော့ သောက်ဖြစ်အောင် သောက်ခဲ့ ကြောင်း

စွမ်းအားပြင်းလက်နက်

မဟာပု၇ိဿတိုင်းပြည်
တိုင်းပြည်အုပ်ချုပ်နေသော ဘုရင်ကြီးမှာ လွန်စွာမှစိတ်ဆိုးဒေါသ ထွက်နေသည်၊ အနီးအနားရှိ မင်းအလိုလိုက် မင်းအကြိုက် ဆောင်ကာ မင်း၏ " " ကိုမနေသော မှူးကြီးမတ်၇ာ တို့ မှာ နေစ၇ာမရှိ ဖြစ်နေသည်၊ မင်းတ၇ားကြီး စိတ်မဆိုးပဲ ခံနိုင်ရိုးလား အိမ်နီးနားခြင်း အခုတည်းသော တိုင်းပြည်ဖြစ်သော "မဟာဣထိယ" တိုင်းပြည်မှ အမိန့် ကြေညာစာ အမှတ် ၀၁၀/၀၀၀၈ ကြောင့်ဖြစ်သည်၊ ဘာတဲ့ မလိုက်နာပါက တည်ဆဲ ဥပဒေအ၇ ထိေ၇ာက်စွာ အေ၇းယူမည်တဲ့

အမိန့် က မဟာဣထိယ တိုင်းပြည်အတွင်းသို့  ကျုးကျော် ၀င်ေ၇ာက်လာသော မည်သည့် ပု၇ိဿမဆို ခြေကျုးကျော်က ခြေဖြတ်မည် လက်ကျုးကျော်က လက်ဖြတ်မည် မည်သည့်ဟာမဆို ကျုးကျော်က အကုန်ဖြတ်မည်တဲ့ ကြောက်စရာကောင်းလေစွ။

မနေ့ ကအထိ တရားဝင်စာရင်းအရ မင်းတရားကြီးခန့် ထားသော သတင်းဝန်တင်လျှောက်ချက်အရ ၁၀ ယောက် ပုရိဿဘ၀မှ အနားယူသွားရပြီ၊ ဒါတောင်ဖုံးကွယ်ထားသော စာရင်းအရ မည်မျှရှိမည်ကို မခန့် မှန်းနိုင်

တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်ရသည်မှာ မလွယ်လှပါလား ပုရိဿများသာ စုစည်းနေထိုင်သော မိမိတို့  "မဟာပုရိဿ" တိုင်းပြည်နှင့် ဣထိယများသာစုစည်းနေထိုင်သော "မဟာဣထိယ" တိုင်းပြည် နှစ်ပြည်မှာ လွန်ခဲ့သော ကာလရှည်ကြာ ကတည်းကပင် ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး စစ်မက်များလည်း အကြိမ်ကြိမ် ဖြစ်ပွါးခဲ့ဖူးသည်။ ဖြစ်ပွါးသော စစ်ပွဲတိုင်း၌လည်း မဟာပုရိဿတို့  အမြဲစစ်ရှုံးခဲ့သည်၊

အတိက်ကိုပြန်တွေးတိုင်း မင်းတရားကြီးမှာ မကြိတ်နိုင် မခဲနိုင် ဖြစ်မိသည်၊ မိမိတို့  ပုရိဿတွေမှာ ခွန်အားဗလနှင့် ပြည့်စုံသည် ဥာဏ်ပညာလည်းကြီးသည် ဓါးရေးလှံရေးနှင့် ကိုယ်ခံပညာရပ် တွင်လည်း ဣထိယ တို့ ထက်သာလွန်းသည် မည်သည်အတွက်ကြောင့် ဖြစ်ပွါးသော စစ်ပွဲတိုင်း၌ ပုရိဿတို့ မှာ နွဲ့ နှောင်းသော ဣထိယတို့  ရှုံးနိမ့်ရသနည်း

ပြဿနာ အဖြေကို မင်းတရားကြီး မသိလို့ မဟုတ် ပုရိဿမချင်းချင်းပဲ သိတာပေါ့ ဒီတခါတော့ ပုရိဿတွေကို အမိန့်နဲ့  သေသေချာချာ ကိုင်မှဖြစ်တော့မယ် ဘယ်နှယ့် ဘုရင်လုပ်တဲ့အတိုင်း တိုင်းသူပြည်သားတွေ လိုက်လုပ်လို့ဖြစ်မလား ဘုရင်က ဘုရင်ပေါ့

ပုရိဿတွေက ရေရေလည်လည် အပျင်းထူတယ် အလုပ်တခုလုပ်လို့ရှိရင်လည်း နေ့ရွေ့ ညရွေ့နဲ့ ဘယ်တော့မှ အနားသတ်ကောင်းအောင် မလုပ်ဘူး နေ့ခင်းဆိုလည်း ထမင်းစားပြီးတာနဲ့ တရေးတမောအိပ်သေးတယ် အိပ်ရာက ထတာနဲ့ လဘက်ရည်ဆိုင်ထိုင်သေးတယ် အရည်မရအဖတ်မရ တာတွေထိုင်ပြောဦးမယ် အဲ ညနေ နေစောင်းပြီးဆို ပိုဆိုးသေးတယ် အပုပ်ချိန်ရောက်ပြီးလေ နေညိုတာနဲ့ လေကပြိုလာပြီး ခံတွင်းကလည်း ချဉ်လာပြီး ပျော်ပျော်ပါးပါး ဘုံဆိုင်မှာ တခွက်တဖလားလောက် ပက်ကြသေးတယ်

တခွက်တဖလားနဲ့ ပြီးသလားဆိုတော့ မပြီးသေးဘုး သိတယ်မဟုတ်လား အရှိန်လေးကရလာပြီး တယောက်သောသူက ကာရာအိုကေ ဆိုပြီးစလိုက်တာနဲ့ တယောက်မှမငြင်းဘူး ကာရာအိုကေကို ချီတက်ပြန်ရော အဲဒီမှာ သီချင်းဆိုကြ ပျော်ကြ အော်ဟစ်ကြ ကာရာအိုကေမယ် လေးတွေနဲ့ အဲ့ ဆောရီး (ပုရိတိုင်းပြည်မှာ ဣထိယတွေ မရှိဘူး မှားသွားလို့)

ကာရာအိုကေပြီးတာနဲ့ စလောင်းကလာတဲ့ ဘော်လုံးပွဲ ပရီးမီးရားလိတို့ ယူအီးအက်အေတို့ စီးရီးအေတို့ အချိန်ကကျလာပြီး ဘာရမလဲ ရှိသမျှကုန်အောင် ဘော်လုံးပွဲလောင်းမယ် အော်မယ် ဆဲမယ် ဘော်လုံးပွဲလည်းပြီးရော မောမောနဲ အိမ်တို့ အဆောင်တို့ကိုပြန်မယ်

ညဦးပိုင်းက ပက်ထားတာလေးတွေလည်း အရှိန်က ကုန်သွားပြီး ကြောင်တောင်တောင်နဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်းမသိ အိပ်လို့ကလည်းမပျော် အိပ်လည်းမအိပ်ချင်သေး တယောက်သောသူက စပြီး မအိပ်ခင် အပျင်းပြေလေး ၂၁ တို့ ပိုကာတို့ ဆွဲကြရအောင်လို့ အစမဖေါ်ပေးလိုက်နဲ့ သွားပြီး အစကတော့ အပျင်းပြေ၀ိုင်း နောက်တော့ အရှိန်ကတဖြည်းဖြည်း ကောင်းလာလိုက်တာ အာရုံတက်မှပဲ မသိမ်းချင်သိမ်းချင်နဲ့
ဝိုင်ကိုသိမ်း

ကိုင်းဘယ်လိုလုပ်ပြီး အလုပ်တို့ ရုံးတို့ တက်နိုင်တော့မှာလည်း ဆေးခွင့်တို့ ရှောင်တခင်ခွင့်တို့ယူကြဦးပေါ့

မ၇တော့ဘူး ဒီအတိုင်းပု၇ိဿ တွေကို လွတ်ထားလို့  မ၇တော့ဘူး အ၇င့်အ၇င် ဣထိယတို့ နဲ့စစ်ပွဲတုန်းကလည်း စစ်ပွဲခ၇ာတောင် မှူတ်နေပြီး အိပ်ရာက အတင်းလိုက်နိုးရ၊ နိုးပြန်တော့လည်း စစ်တိုက်ထွတ်တာ ခြေနင်းကတဖက်မပါတဲ့သူနဲ့ ဓါးအိမ်ပဲ ပါပြီး ဓါးမေ့ကျန်ခဲ့တဲ့ သူနဲ့ ဗရုတ်သုက္ခနဲ့ ဘယ်လိုလုပ်ပြီး စစ်ပွဲကနိုင်မှာလဲ

နောက်နေ့လည်းရောက်ရော မင်းတရားကြီးက မြောက်စားပင့်ကော် အမတ်အားလုံးကို ခေါ်ပြီး ညီလာခံမှာ အမိန့်တခုထုတ်လိုက်တယ် ဒီတခါ ဣထိယတွေကို စစ်ကြေငြာမယ် စစ်တိုက်မယ် စစ်ရှုံးရင် မူးမတ်ဗိုလ်ချုပ်ကအစ ဟိုးအောက်ခြေ စစ်သားတွေအထိ အပြစ်သေးရင်သေးသလို ခြေချောင်း လက်ချောင်းတွေဖြတ်မယ် အပြစ်ကြီးရင်ကြီးသလို ခန္တာကိုယ်က အရေးကြီးတဲ့နေရာ အရးအကြီးဆုံး နေရာတွေကို ဖြတ်ပစ်မယ် မည်သူမှ စောဒကမတက်ရ ဒါဘုရင့်အမိန့် စစ်ရေးကိုအပြင်းအထန် လေ့ကျင့်ကြ ဒါပဲဆိုပြီး အထဲကို ပြန်ဝင်သွားတယ်

ဘုရင်များ သူတို့ပါးစပ်က စကားတခွန်းထွတ်တာ လွယ်လိုက်တာ အောက်ခြကလူတွေက မျက်လုံးပြုးပြီး ကျန်ခဲ့တယ် ဘာတဲ့ ဖြတ်ပစ်မယ် အောင်မယ်လေး တွေးရင်းတွေးရင်းနဲ ကြက်သီးတွေထလိုက်တာ ကြောက်စရာကောင်းလိုက်တာ

အဲဒီအမိန့်ကြောင့် ပုရိဿတွေ အကုန်လုံး လန့်ဖြတ်ကုန်တယ် ကြောက်ကြကုန်တယ် ဒီတခါစစ်ရှုံးရင် မလွယ်ဘူး ဖြတ်ခံထိမယ် ဒီအတိုင်းနေလို့မဖြစ်တော့ဘူးဆိုပြီး စစ်ရေးကို အပြင်းအထန်လေ့ကျင့်ကြတော့တယ်
ဟေး စစ်ရှုံးလို့မဖြစ်ဘူး ဖြတ်ခံထိလို့မဖြစ်ဘူး ပုရိဿဘ၀ အဆုံးမခံနိုင်ဘူး စတဲ့ ကြွေးကြော်သံ တွေနဲ့ပေါ့

နောက်တနေ့မှာတော့ မဟာပုရိဿတိုင်းပြည်က ဘုရင်ကြီးက မဟာဣထိယတိုင်းပြည်က ဘုရင်မကြီးထံကို စစ်ကြေငြာချက်တစောင် ပို့လိုက်တယ် ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ မောင်မောင်တို့ စစ်လာတိုက်မှာပေါ့ ဘာညာဘာညာပေါ့ အဲ ဣထိယ ဘုရင်မကြီးကလည်း ချက်ချင်းပဲ စစ်ကြေငြာချက်ကို လက်ခံတဲ့ စာတစောင် ပြန်လိုက်တယ်

မောင်မောင်တို့လာမယ်ဆို မမတို့က အရံသင့် ၀မ်းမြောက်ဝမ်းသာ လက္ခံ ကြိုဆိုမှာပါ ဒီတခါတော့ မမတို့က တခါမှမသုံးဘူးသေးတဲ့ လက်နက်အထူးအဆန်း ထုက်ပြီးသုံးတော့မယ် ဒါပေမယ့် ဒီတခါ စစ်ရှုံးရင် ရှုံတဲ့သူက တသက်လုံး ကျွန်ခံကြေး ဆိုတဲ့ အလောင်းအစားတခုနဲ့ ပြန်စိန်ခေါ်လိုက်တယ်

အဲဒီစာကို ဘု၇င်ကြီးလည်းဖတ်ပြီးသွားရော အကြီးအကျယ် ထိတ်လန့်သွားတယ် ဘာတဲ့ တခါမှ မထုတ်သုံးသေးဘူးတဲ့ လက်နက် အထူးအဆန်း ဆိုပါလား စစ်ရှုံးရင်လည်း တသက်လုံး ကျွန်ခံရမယ် ဆိုပါလား
အရင်စစ်ပွဲတွတုန်းက သာမန် လက်နက်နဲ့ တိုက်တာတောင် မိမိတို့ အကြိမ်ကြိမ် စစ်ရှုံးခဲ့တယ် အခု ဘာလက်နက် အထူးအဆန်းပါလိမ့် နူးကလီးယားလား ဟိုက်ဒရိုဂျင်ဗုံးလား မိန်းမတွေ တယ်လည်း လက်သွက်လှချေလားပေါ့

ဘုရင်ကြီးဟာ စဉ်းစားရပြီး ပုရိဿတွေဟာ တခါတရံ ကျဉ်းထဲ ကျပ်ထဲ ရောက်ရင် မိန်းမကျင့် မိန်းမကြံ ကိုလည်း
သုံးတက်ကြသေးတယ် အနိုင်ရရင်ပြီးရော ဘာမဆို လုပ်ဖို့လည်း ၀န်မလေးတက်ကြဘူး အတောင်နှစ်ဆယ်ဝတ်တွေ ဘာတွကို ဘေးဖယ်ထား အချစ်နဲစစ်မှာ မတရားတာမရှိဘူးဆိုပြီး သူခိုးကျင့် သူခိုးကြံ ကြံကြတော့တာပဲ

ဒီတခါမှာတော့ မြှောက်စား ပင့်ကော် အမတ်များရဲ့  အကြံ ဥာဏ်ကို ယူရတော့တာပေါ့

အဲဒီအကြံက ပုရိဿတိုင်းပြည်ကနေ ဣထိယတိုင်းပြည်ကို ဥမင်လိုဏ်ခေါင်းတွေ ဖေါက်မယ် နန်းတော်တွင်သာမက ဣထိယတွေရဲ့  အိမ်တိုင်းအိမ်တိုင်းကို ပါ ဥမင်လိုဏ်ခေါင်းတွေ ဖေါက်မယ် စစ်တိုက်မယ့်ရက် မတိုင်မှီ ၃ ရက်အလို သန်းခေါင်ယံ အချိန်မှာ ၀င်စီးမယ် ဘုရင်ကိုယ်တိုင် ဘုရင်မနန်းတော်ကို
ဝင်စီးမယ် အာရုံတက်လို့ ၆ ချက်တီးတာနဲ့ ပုရိဿတွေက ဣထိယတွေကို ကြိုးတုပ်ပြီး ထွက်လာမယ် နန်းရှေ့  ရင်ပြင်မှာ စုရပ်အဖြစ်နဲ့ ဆုံမယ် ဣထိယတွေကို တသက်လုံး ကျွန်အဖြစ် သိမ်းသွင်းမယ်ပေါ့ စစ်ဗျုဟာကို လှို့ဝှက် ရေးဆွဲပြီး အပြင်းအထန် ကြိုးစား ကြတော့တယ်

ဒီလိုနဲ့ စစ်ပွဲမတိုင်ခင် ၃ ရက်အလို သန်းခေါင်ယံမှာ ဘုရင်ကြီးကိုယ်တိုင် ဦးစီးပြီး လိုဏ်ခေါင်းကတဆင့် နန်းတော်ကိုဝင်စီးတယ် ပုရိဿစစ်သည်တွေလည်း ဣထိယတအိမ်ကို တယောက်ကျစီနဲ့ ၀င်စီးကြတော့တယ်

ဘုရင်ကြီးဟာ ဣထိယနန်းတော်ရဲ့  အောက်တည့်တည့်ကနေ နန်းတော်ထဲရောက်သွားတယ် ကညင်ဆီမီးတိုင် အလင်းအားပျော့ပျော့ လေးတွေနဲ့ နန်းတော်တခုလုံးတိတ်ဆိတ် နေတယ် အစောင့်အကြပ် အားလုံးလည်း တုန်းရုန်းပက်လက် အိပ်မောကျ နေကြတယ် ဘုရင်ကြီးဟာ ကုပ်ချောင်းကုပ်ချောင်းနဲ့ ဘုရင်မအိပ်ခန်းထဲ အလွယ်တကူ ရောက်သွားတော့တယ်

အခန်းထဲလည်းရောက်ရော ဘုရင်ကြီးဟာ ရုတ်တရက်ရပ်တန့် သွားတယ် မီးအလင်းရောင် ခပ်ပျော့ပျော့ အောက်မှာ ည၀တ်ဝတ်ရုံတော် ပါးပါးလျလျနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ဘုရင်မ၊ ဆံနွယ်လေး ကပို့ကရို့  ၀င်းပနေတဲ့ မျက်နှာ လမင်းကြီးအခန်းထဲ သာနေသလိုပဲ မျက်နှာကနေ ခြေအဆုံးထိ ဘုရင်ကြီးဟာ ခေတ္တခဏ ဘုရင်တို့၏ စတိုင်အတိုင်း ရူ့ စားလိုက်တယ်ဆိုရင်ပဲ

အဲ -- ဘုရင်မကြီးဟာ အအိပ်နဲနဲ ပက်စက်တယ်နဲ့ တူပါတယ် ဘုရင်ကြီးဟာ ဘာကိုမြင်သွားလည်းမသိပါဘူး
ခြေတွေလက်တွေ တုန်လာသလိုလို ရေငတ်လာသလိုလို ဘာလိုလို ညာလိုလိုကြီးမိနစ် အတန်ကြာအောင် ဖြစ်သွားပြီးနောက် စိတ်ကိုတင်းလိုက်ပြီး ငါဟာ စစ်တိုက်ထွက်လာတာ နိုင်အောင်တိုက်မယ်ဆိုပြီး သန်လျှက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဘုရင်မအနားသွားပြီး ဒီမှာမယ်မင်းကြီးမ ထတော့ မင်းတို့တတိုင်းပြည်လုံးကို ငါတို့တတွေ ၀ိုင်းထားလိုက်ပြီး ဒီတခါတော့မင်းတို့ရှုံးပြီ ပြေးမယ် မကြံနဲ့ ဆိုပြီးခေါင်းကို သန်လျှက်မိုးလိုက်တယ်

ဘုရင်မဟာ နိုးသွားပြီး အံ့သြ သွားတယ် ချက်ချင်းအခြေအနေကို ရိပ်စားမိသွားပြီး ခပ်တည်တည်ပဲ သလွန်ပေါ်ကဆင်းပြီး ၀တ်ရုံကို ပြင်ဝတ်လိုက်တယ် မိန်းမများဟာ လျှပ်တပြတ်ဥာဏ် ယောင်္ကျားတွေထက် ပိုသာတယ်နဲ့တူပါတယ် တဒင်္ဂအတောအတွင်းမှာ အခြေအနေကိုကြည့်ပြီး ဘာလုပ်ရမလဲဆိုတာ ချက်ချင်းသဘောပေါက်သွားတယ်

ဘုရင်ကြီးရဲ့ အနားကို တလှမ်းခြင်း လှမ်းသွားတယ် ဘုရင်ကြီးက ကဲ့ မယ်မင်းကြီးမ ဘာတတ်နိုင်သေးလဲ မင်းတို့ရှုံးပြီး ဒါနဲ့မင်းတို့က ငါတို့ကို တခါမှ မထုတ်သုံးသေးတဲ့ လက်နက်နဲ့ တိုက်မယ်ဆိုတာ ဘာလက်နက်လဲလို့
မေးလိုက်တယ်

ဘုရင်မဟာ ချက်ချင်းပဲ မျက်နှာညိုးသွားပြီး ဘုရင်ကြီးကို စေ့စေ့ကြည့်လိုက်တယ် ပြီးတော့ခြုံးပွဲချ ငိုချလိုက်တယ်
ဘုရင်ကြီးက ဟေ့ ဟေ့ နေဦးလေ ငါမေးတာဖြေဦးလေ ဘာလို့ငိုနေတာလည်း ဒုက္ခပါပဲ မငိုနဲ့လို့ ပြောနေတုန်း
ဘုရင်မကြီးဟာ ဘုရင်ကြီးရဲ့  ရင်ခွင်ထဲကို ခေါင်းတိုးဝင်ပြီး ရှိုက်ကြီးတငင်နဲ့ ငိုချလိုက်ပါလေရော

`ဒုတ်´ အသံတချက် မည်သွားတယ်

တခြားမတွေးလိုက်ပါနဲ့ ဘုရင်ကြီးရဲ့  သန်လျှက် ကြမ်းပြင်ပေါ် စိုက်သွားတဲ့ အသံပါ ဘုရင်ကြီးဟာ သန်လျှက်ကို ဆုပ်ကိုင်နိုင်တဲ့ အင်အား မရှိတော့ ပါဘူး ဘာကို သွားကိုင်လည်း မသိတော့ပါဘူး

နာရီအချို့  ကြာသွားတယ် အာရုံဦး အလင်းရောက်တော့မယ် ဘုရင်မက ဘုရင်ကြီးကိုနိုးလိုက်တယ် ဘုရင်ကြီးကအိပ်မူံ စုံဘွားနဲ့ ထလိုက်တော့ သူ့ရဲ့ လက်ကို နောက်ပြန်ကြိုးတုပ်လျှက်သား ဖြစ်နေတာကို တွေ့လိုက်ရတယ် ဟိုက် သွားပြီ ရှုံးပြီ ငါဘယ်လိုဖြစ်သွားပါလိမ့် ဒါနဲ့ ဘုရင်မကို မေးခွန်းထုတ်တယ်

မင်းရဲ့ ထူးဆန်းတဲ့ လက်နက်ဆိုတာ ဘာလဲ ငါ့ ကိုလာလက်နက်နဲ့ တိုက်လိုက်သလဲလို့ မေးလိုက်တယ်
ဘုရင်မက ထူးဆန်းတဲ့လက်နက် ဆိုတာ မျက်ရည်ပါပဲ ဒီလက်နက်နဲ့ပဲ အနိုင်ယူခဲ့တာလေ ကဲ မောင်မောင်တို့ ရှုံးပြီး တသက်လုံးကျွန်ခံပေတော့တဲ့

အာရုံအလင်းရောင် ထွက်လာတဲ့အချိန်မှာ ဘုရင်မဟာ ဘုရင်ကြီးကို ကြိုးတုပ်လျှက်နဲ့ နန်းတော်ရှေ့  ကို ခေါ်ထုက်လာတယ် အဲဒီမှာ ဘုရင်ကြီးဟာ ထူးဆန်းတဲ့ မြင်ကွင်းတခုကိုပါ ထပ်တွေ့လိုက်ရတယ် အဲဒါက မိန်းမစစ်သည်တော်တွေဟာ ယောင်္ကျားစစ်သည်တော်တွေကို ကြိုးတုပ်ပြီး စုရပ်ဖြစ်တဲ့ နန်းရှေ့ရင်ပြင်မှာ တွေ့လိုက်ရခြင်းပဲ

အဲဒီအချိန်က စပြီး ယောင်္ကျားများဟာ စားဝတ်နေရေး ဘာအရေး ညာအရေး တွေကို အကုန်တာဝန်ယူရပြီး
တသက်လုံး မိန်းမတွေကို ရှာဖွေ လုပ်ကျွေးရတော့တယ်

BELIEVE IT OR NOT

ကျွန်တော်က မိန်းမတွေမှာ မျက်ရည် လက်နက်အပြင် တခြားလက်နက်လည်းပဲ ရှိဦးမယ်လို့ ထင်တာပဲ--ဟိဟီ်း

မည်သူ့ကိုစိတ်ဝင်စားသလဲ

လူသားတွေဟာ အတ္တသားကောင်တွေ ဖြစ်တဲ့အတွက် လောကမှာ မည်သူ့ကို အချစ်ဆုံးလဲ ဆိုတဲ့ မေးခွန်းရဲ့  အဖြေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဖြစ်ပါတယ် ရာခိုင်နုန်း တော်တော် များများ မှန်ပါလိမ့်မယ် အဲ- လောကမှာမည်သူ့ ကို စိတ်ဝင်စားသလဲ ဆိုရင်တော့ ဆန့်ကျင်ဖက် သတ္တ၀ါ တွေလို့ ဖြေရပါမယ် ဒီအဖြေက ရာနုန်းအတော်များများ မှန်ပါတယ်

ဆက်လက် ရှင်းပြပါရစေ မိတ်ဆွေ

အမိဝမ်းက စကျွတ်ကတည်းက မိခင်ရဲရင်ခွင်ထဲမှာ ကလေးငယ်များဟာ အပစ်ကင်းစွာနဲ့ ဘာမှလည်းမသိဘူး
နို့ဆာရင် ငိုမယ် ရူးပေါက်မယ် အီးပါမယ် အိပ်မယ် သူတို့ မချစ်တတ်သေးဘူး

လပိုင်းလောက် ကြာတဲ့အခါ မိခင်ရဲ့ ရင်ငွေ့ကို မှတ်မိလာတယ် မိခင်ကိုစပြီး ချစ်တတ်လာပြီး နောက်ထပ်လအနည်းငယ် ကြာတဲ့အခါ အဖေကိုလည်းမှတ်မိလာတယ် အိမ်ရှိ လူအားလုံးကိုလည်း မှတ်မိလာပြီး မိခင်ကို ပိုပြီးခင်တွယ်တယ် တခါတရံမှာ အဖတောင် ချီလို့မရပါဘူး

တစ်နှစ်ခွဲ နှစ်နှစ်လောက် စကားတီတီတာတာ စပြာတတ်တဲ့အရွယ်မှာတော့ ချစ်တယ်ဆိုတဲ့စကားကို မိဘတွေသင်ပေးလို့ တတ်လာပြီး `မေ့မေ့ကိုချစ်လားလို့´ မေးရင် `ချစ်တယ်´ `ဘယ်လောက်ချစ်လဲ´ လို့ မေးရင် `အများကြီးချစ်တယ်` ဆိုပြီး လက်နှစ်ဖက်ကို ဘေးကားပြီးဖြေလိမ့်မယ် `ဖေဖေနဲ့မေမေ ဘယ်သူ့ကို ပိုချစ်လဲ´ လို့မေးရင် `မေမေကို ပိုချစ်တယ်´ လို့ဖြေကြဦးမယ် ဘာဖြစ်လို့လဲဆိုတော့ မိခင်ကအိမ်မှာ လက်ပွန်းတတီးနဲ့ နေ့ရောညပါ ကလေးကိုပြုစု စောင့်ရှောက်ချိန် ပိုများလို့ ပဲ

၃.၄.၅.နှစ် ကျောင်းစနေတဲ့ အရွယ်ရောက်ရင်တော့ မျောက်ရူံးလောက်အောင် ဆော့ကြဆဲ့ အရွယ်ရောက်ပြီး
အစားအသောက်ကို မမက် အဆော့ကိုသာမက်ပြီး ထမင်းထက် သွားရည်စာ တွေကို ပိုမက်လာတယ်

အဲဒီမှာ မိခင်ဖြသ်သူက ဟဲ့သား နေပူထဲ မထွက်ရဘူး မိုးရွာနေတယ် ဖျားဦးမယ် ဒီဟာမစားရဘူး ချောင်းဆိုးမယ်
စသည်ဖြင့် ပိတ်ပင်လာမယ် အခန့်မသင့်ရင် ရိုက်ပြီးတော့ ဆုံးမလိမ့်မယ် ဆိုးသွားမှာစိုးလို့ သိပ်အလိုမလိုက်တော့ဘူး

ဖခင်ဖြစ်သူက အဲဒီလိုမဟုတ်ဘူး အလုပ်ကပြန်လာရင် သားသမီးတွေအတွက် မုန့် တွေဝယ်လာမယ် ကစားစရာ အရုပ်တွေလည်း ၀ယ်လာတတ်တယ် အလုပ်ပိတ်ရက်တွေမှာလည်း သားသမီးတွေကို ကစားကွင်းတို့ ဘာတို့ ဟိုဟိုဒီဒီ လိုက်ပို့တတ်တယ် အမေကတော့ အိမ်မူ့ ကိစ္စတွေနဲ့ နပမ်းလုံးနေရလို့ တခါတရံမှာ မလိုက်ပို့နိုင်ဘူး
ဖခင်တွေက မုန့်ဖိုးလည်း မကြာမကြာ ပိုပေးလေ့ ရှိတယ်

အဲဒီအရွယ်မှာ `ဖေဖေနှင့်မေမေ ဘယ်သူ့ကို ပိုချစ်လဲ´ လို့မေးရင် ဖေဖေရဲ့ နားရွက်နား ကပ်သွားပြီး မေမေမကြားအောင် `ဖေဖေကို ပိုချစ်တယ်´ လို့ ခပ်တိုးတိုးလေး ဖြကြလိမ့်မယ်

အဲဒီအရွယ်ကနေ မိဘကို ချစ်လာလိုက်တာ ၁၃.၁၄.၁၅ အရွယ် ရောက်လာတဲ့ အခါကြတော့ ချစ်တဲ့အချစ်က
ပုံစံတမျိုး ပြောင်းသွားတယ် မိဘကို အားကိုးအချစ် ကိုးကွယ်တဲ့ အချစ်တွေဟာ အားပျော့သွားပြီး ဆန့်ကျင်ဖက် သတ္တ၀ါတွေကို ပြောင်းပြီး စွမ်းအားပြင်းတဲ့ အချစ်တမျိုးနဲ့ ချစ်တတ်လာတယ် အဲဒီကနေ ဆန့်ကျင်ဖက်တွေကို စိက်ဝင်စားလာတာ သေတဲ့အထိပဲ ဆိုပါတော့ မိဘရဲ့ အခန်းကဏ္ဏဟာ တဖြည်းဖြည်းမှေးမှိန် သွားရရှာတယ်

ငယ်ငယ်က အတူစား အတူကစားခဲ့တဲ့ ကလေးတွေ ဒီအရွယ်ကစပြီး စိတ်တွေပြောင်းလာတယ် ဆန့်ကျင်ဖက်ကို စိတ်ဝင်စားတဲ့ စိတ်ကအားကြီးလာတယ်

ရပ်ကွက် လမ်းကျဉ်းလေး တခုထဲမှာ ကောင်လေးတယောက်နဲ့ ကောင်မလေးတယောက် တယောက်က တောင်ဘက်က တယောက်က မြောက်ဘက်က မျက်နှာခြင်းဆိုင် အနေအထားနဲ့ လမ်းလျှောက်လာတယ်
သူတို့ဟာ ငယ်ငယ်လေးထဲက အတူတူကစားလာခဲ့တဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေပါ

ခပ်လှမ်းလှမ်းလေး ရောက်တဲ့အခါကျတော့ ကောင်လေးက ငါတော့ သူ့ကို မကြည့်ဘူးဆိုပြီး ခေါင်းလေးမော့ပြီး
လျှောက်လာတယ် ကောင်မလေးကလည်း ငါသူ့ကို မကြည့်ဘူးဆိုပြီး ခေါင်းလေးကို ငုံ့ပြီး လျှောက်လာတယ်

တကယ်ပဲ တယောက်ကို တယောက် မကြည့်ပါဘူး မျက်နှာချင်းဆိုင် လေးငါးပေလောက် အရောက်မှာတော့
ကောင်လေးက ဒီလိုတွေးတယ် အင်း--သူတော့ငါ့ကို ကြည့်မှာ မဟုတ်ပါဘူး ငါတချက်လောက် ကြည့်လိုက်ဦးမှ ဆိုတဲ့ အတွေးတချက် ပေါ်တယ်

ကောင်မလေးလည်းပဲ သူငါ့ကို ကြည့်မှာ မဟုတ်ပါဘူး ငါတချက်လောက် ကြည့်လိုက်ဦးမယ်ဆိုတဲ့ အတွေးပေါ်ပြန်တယ်

အဲဒီတော့ နှစ်ယောက်စလုံး ပြိုင်တူပဲ တယာက်ကို တယောက် ကြည့်လိုက်မိတဲ့ အခါ

အင်းအားပြင်းထန်သော ကြည့်အလင်းတန်း နှစ်ချောင်းဟာ အရှိန်ပြင်းစွာ ပွတ်တိုက်ခိုက် မိကြပြီး အပူလှိုင်း တစ်ခုကို ဖြစ်ပေါ်စေပါတယ် အဲဒီအပူလှိုင်းကြောင့် ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်စလုံးရဲ့  မျက်နှာမှာ
နီမြန်းပြီး ထူပူသွားရရှာတယ် အဲဒါကို မျက်နှာပူတယ်လို့ ခေါ်တယ် ရှက်သွေးဖြာတယ်လို့လဲ ခေါ်တယ်

ကဲ့ မိတ်ဆွေတို့ ဒီအဖြစ်မျိုး ကြုံခဲ့ ဖူးကြပါသလား ကြုံခဲ့ဖူးတဲ့ သူတွေဆိုရင်တော့ လောကမှာ ဆန့်ကျင်ဖက် သတ္တ၀ါတွေကို စိတ်အ၀င်စားဆုံး ဆိုတာကို လကံ္ခ လိမ့်မယ်လို့ ထင်ပါတယ်။

=================

ဝန်ခံချက်==လွန်ခဲသော ၁၀ နှစ်ကျော်ကျော်လောက်က ဆရာ လယ်တွင်းသားစောချစ် ၏ စာပေဟောပြောပွဲမှ မှတ်မိသလောက် ကို ပြန်လည်ရေးဖွဲပါသည်။