အလှဆုံးသာပ အားလုံးရယ်တဲ့ ငှက်များတွင် ရွှေဥဒေါင်းရယ်လို့ ငြိမ့် ညောင်းတွန်သံသာလှ ဆန်းကြယ်စွာ စွာစိတ်ကြည်နူးအောင် ထူးတဲ့အသွင် နေမင်းနွယ်ရွှေဘုရားရယ်တို့ ဝေတင့်တယ် အသရေခြားသည်ဟု ငွေများမှာတဲ့ တံဆိပ်တင် နိမိတ်မြင်က မင်္ဂလာရှိ မြန်မာနွယ် ကမ္ဘာဝယ် ထင်အလင်းသာပ ဆင်မြင်းဗိုလ်ပါရံလို့ မြကဒံ သီဟစိုးစဉ်က ဒေါင်းအလံ စိုက်ကာထိုးတယ် ဖိုးထိုက်ပါဘိ